Online လိမ်လည်မှု ၁၁၉ မှုနှင့် Online လောင်းကစားမှု ၅၈ မှုကို အရေးယူနိုင်ခဲ့

၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှတရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှတရားခံ ၁၃၄ ဦးတိုကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

အောက်တိုဘာ (၁) ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပသည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အခမ်းအနားတွင် နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားသည့် မိန့်ခွန်း အရ သိရခြင်းဖြစ်သည်။