One Championship ပွဲစဉ်တွင် မြန်မာမှ ပါဝင်မည်

One Championship က ကြီးမှူးကျင်းပသော ပွဲစဉ်တစ်ခုဖြစ်သည့် One Friday Fight (57)ပွဲအား ယခုမတ်လ(၂၉)ရက်တွင် ပြုလုပ်မည်ဖြစ်ရာ၊ မြန်မာ့ရိုးရာလက်ဝှေ့ ထိပ်တန်း ဖိုက်တာ စိုးလင်းဦး အပါအဝင် သန့်ဇင်နှင့် မိုးထက်အောင်တို ပါဝင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ ထိပ်တန်း ဖိုက်တာ သံမဏိ စိုးလင်းဉီးနဲ့ ပေါ်တူဂီ ဖိုက်တာ Fabio ၊ ရိုးရာလက်ဝှေ့ဖိုက်တာ သန့်ဇင် နဲ့ မွေထိုင်းထိပ်တန်းဖိုက်တာ Tai Sor Jor အပြင် မိုးထက်အောင် နဲ့ ဂျပန်နိုင်ငံသားဖိုက်တာ Tomoya Maruyama တွဲဆိုင်းများ အသီးသီးပါ၀◌င်ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်ကို ယခု မတ်လ(၂၉)ရက်နေ့ ည(၇)နာရီအချိန်၌ ပြုလုပ်သွားမည်ဖြစ်ပြီး၊ One Championship Facebook Page မှ တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါတယ်။