ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် MPT ဆင်းကဒ်ကို အသုံးပြုပြီး ယနေ့(၁၂) နာရီဝန်းကျင် ဖုန်းလိုင်းပိတ်ခံရပြီး၊ ထိုအတောအတွင်း Kpay အကောင့်ထဲရှိ ပိုက်ဆံ ကျပ်ငွေ (၁) သိန်းအား မိမိအကောင့်ထဲမှ အခြားအကောင့်ထဲသို့ Password မရိုက်ရပဲ အလိုလျောက် ငွေလွှဝင်သွားကြောင်း သိရသည်။
အဆိုပါဖုန်းလိုင်းပိတ်ခံထားရသူများသည် MPT ဆင်းကဒ်ကို အသုံးပြုထားသူများဖြစ်ကြပြီး ဆင်းကဒ် မှတ်ပုံတင်ထားသူများမှာလည်း ပိတ်ခံနေရကြောင်း သိရသည်။
မတ်လ ၁၉ ရက်နေ့တွင်လည် ကျေးသီးမြို့နယ် ဝမ်းဟိုင်းရွာတွင် နေထိုင်သည့် အမျိုးသမီး ၃ ဦးသည်လည်း ဖုန်းလိုင်းကိုဖြတ်တောက်ထားပြီး မိမိ Kpay အကောင့်ထဲရှိ ပိုက်ဆံများကို တခြားအကောင့်ထဲသို့ ပိုင်ရှင်က PASSWORD မရိုက်ထည့်ရပဲ ငွေလွဲ့ဝင်သွားသောကြောင့် ပိုက်ဆံအများအပြား ဆုံးရှုးနေရကြောင်း သိရသည်။
အလိမ်ခံနေရသောငွေစုစုပေါင်းမှာ ငွေကျပ်သိန်း ၄၃ အထိရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုလအတွင်း ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရွာမှာ နေထိုင်သည့် MPT ဆင်းကတ် အသုံးပြုသူ အမျိုးသမီး ၅ ဦးခန့်သည် ပထမ ဖုန်းလိုင်းအပိတ်ခံထားလိုက်ရပြီး ၎င်းနောက် မိမိ Kpay အကောင့်ထဲရှိ ပိုက်ဆံများ ဆုံးရှုးနေရသူများဖြစ်ကြောင်း သိရသည်။
*** မိမိ Kpay အကောင့်ရှိ password နှင့် OTP ကို တခြားသူများထံ အလွယ်တကူမပေးပါနှင့်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/photo_2023-03-20_16-29-04.jpg?resize=473%2C1024&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/photo_2023-03-20_16-29-13.jpg?resize=473%2C1024&ssl=1)