MPTရုံး မီးလောင်မှုဖြစ်ပွားပြီးနောက်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်ရှိ MPT Exchange ရုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(ဖေဖော်ဝါရီလ ၇ ရက်)၊ နံနက်(၁ဝ)နာရီခွဲအချိန်ခန့်တွင် မရမ်းကုန်းမြိုနယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ MPT Exchange ရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်မှ မီးသတ်ယာဥ်များနှင့် မရမ်းကုန်းမြိုနယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်များမှ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက်(၁ဝ)နာရီ (၄၅)မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် MPT ဖုန်းလိုင်းများအပါအဝင် MPT WiFi များ ပြတ်တောက်နေမည်ဖြစ်ကြောင်း MPT ဆက်သွယ်ရေးရုံးမှ အသိပေးအကြောင်း ကြားစာ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မီးလောင်မှုနှင့် ပတ်သက်၍ အတိအကျမသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။