KIA/PDF အဖျက်သမားများအား အမြစ်ပြတ်ချေမှုန်းပေးရန် ပြည်သူများ တောင်းဆို

KIA/PDFအကြမ်းဖက်အဖျက်သမားများအား အမြစ်ပြတ်ချေမှုန်းပေးရေးနှင့် တပ်မတော်ထောက်ခံပွဲအား ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် မြစ်ကြီးနားမြိုရှိ ပြည်သူများက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း သိရသည်။
အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူများက – ပြည်သူချဉ်ဖတ် KIA အလိုမရှိ ၊အကြမ်းဖက်လူသတ်သမား KIA အလိုမရှိ ၊ တပ်မတော်၏ ရပ်တည်ချက်များကို ထောက်ခံပါသည်၊ အကြမ်းဖက်အဖွဲများ အမြစ်ဖျက်ဖို့တပ်မတော်ကို ထောက်ခံစို့၊ KIA ကို အမြစ်ပြတ်ချေမှုန်းပေးပါ စသည့် ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
KIA အကြမ်းဖက်အဖွဲ့သည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အုပ်စုနှင့် လက်တွဲ၍ PDF များကို အကြမ်းဖက်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်း ရောင်းချပေးခြင်းအပြင် KIA တပ်ဖွဲ့ဝင်များက PDF များနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရဟန်းသံဃာတော်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျောင်းဆရာ/ဆရာမများ၊ အပြစ်မဲ့ ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့ကြသည်။
ယခု ရက်ပိုင်းအတွင်း KIA ဌာနချုပ်ရှိရာ လိုင်ဇာရှိ ၎င်းတို့၏ လက်နက်ခဲယမ်း ထုတ်လုပ်၊ သိုလှောင်ရုံများက တပ်မတော်က ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၃၁-၁၀-၂၀၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။