H5N1 Influenza (ကြက်ငှက် တုပ်ကွေး) ကဘာလဲ

H5N1 တုပ်ကွေးရောဂါသည် ကြက်ငှက်များတွင်ဖြစ်သော ပြင်းထန်သည့် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါမဖြစ်သည်။ ကြက်ငှက်တုပ်ကွေးကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများစွာရှိသော်လည်း H5N1 နှင့် H7N9 ဗိုင်းရပ်စ်ပိုးများသည် ဆရာဝန်များ အထူးဂရုထားသော ရောဂါပိုးများဖြစ်ပါသည်။

ထိုဗိုင်းရပ်စ်ပိုးများကို ငှက်ရိုင်းများတွင် စတွေ့ရပြီး ထိုရောဂါဖြစ်စော ကြက်၊ ငှက်၊ ဘဲများကို ဘူတို့စားသုံးမိရာမှ လူတို့တွင် ကူးစက်ပြီး သေစေနိုင်ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် H5N1 ရောဂါဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဘဂ်လားဒေ့ရှ်၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ ဖြစ်သည်။

H5N1 Influenza (ကြက်ငှက် တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ

H5N1 တုပ်ကွေး သည် ငှက်များတွင် အဖြစ်များပြီး အမြစ်ပျောက်အောင်နှိမ်နင်းရန် ခက်ခဲသော ရောဂါဖြစ်သည်။ ထို့ပြင် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။

H7N9 ဖြစ်သော ပျမ်းမျှအသက်သည် အသက်၆၂ နှစ်အရွယ်ဖြစ်ပြီး H5N1 သည် ပျမ်းမျှအားဖြင့် အသက် ၂၆ နှစ်များတွင် အများဆုံးဖြစ်ကြောင်းတွေ့ရသည်။ ထိုရောဂါသည် လူလူချင်းကူးစက်ခြင်းမှာ ဖြစ်ခဲပြီး ချွင်းချက်အနေဖြင့် ရောဂါဖြစ်နေသော သူနှင့် အနေနီးလွန်းသောသူများ၊ ရောဂါဖြစ်နေသော မိခင်မှ နာမကျန်းသော ကလေးအားကူးစက်ခြင်းတို့ဖြစ်နိုင်ပါသည်။

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

H5N1 Influenza (ကြက်ငှက် တုပ်ကွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ သာမန်တုပ်ကွေးနှင့် ဆင်တူသော်လည်း သင့်တော်သော ကုသမှုများ မခံယူလျှင် ရောဂါပိုမိုပြင်းထန်လာနိုင်ပါသည်။

တွေ့ရများသော ရောဂါလက္ခဏာများမှာ-

ချောင်းဆိုးခြင်းဖျားခြင်းလည်ချောင်းနာခြင်းခေါင်းကိုက်ခြင်းကြွက်သားများနာကျင်ခြင်းအသက်ရှုကျပ်ခြင်း

အချို့သူများသည် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ခံစားရပါသည်။ မျက်ကြည်လွှာရောင်ခြင်းဖြစ်လျှင် H5N1 ရောဂါဖြစ်နေကြောင်း သိသာစေပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့ ခံစားရလျှင် ဆရာဝန်နှင့် ပြသင့်ပါသည်။

  • ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း ဖြစ်လာလျှင်
  • ကြက်ငှက်တုပ်ကွေးဖြစ်ဖူးသော နေရာသို့ ခရီး သွားဖူးလျှင်
  • သင်သည် ကြက်မွေးမြူရေးခြံများနှင့် လေဟာပြင်ဈေးများကို သွားခဲ့လျှင် ဆရာဝန်အား ပြောပြပါ။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

H5N1 Influenza (ကြက်ငှက် တုပ်ကွေး) ကိုဘာတွေကဖြစ်စေသလဲ

H5N1 ဗိုင်းရပ်စ်သည် ငှက်ရိုင်းများ မှတဆင့် ထောင် သောင်းနှင့် ချီသော မွေးမြူရေးငှက်များကို လွယ်ကူလျှင်မြန်စွာ ကူးစက်ပြီး သေဆုံးစေပါသည်။

ထို့ကြောင့် ရောဂါပိုး ကူးစက်ခံရသော ငှက်များကို သတ်ပစ်ရပါမည်။ ရောဂါပိုးရှိသော ကြက်များ၊ ဘဲများနှင့် ကြက်ဆင်များနှင့် ထိတွေ့နေသော လူများသည် ရောဂါကူးစက်ခံနိုင်ရချေများပါသည်။

ရောဂါရှိသော ကြက် ဘဲများ၏ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများ သည် လှောင်အိမ်များ နှင့် မွေးမြူရေးပစ္စည်းများတွင် တွယ်ငြိနေတတ်သည်။ သို့သော် လူများသည် ကြက်ငှက်တုပ်ကွေးရောဂါရှိသော အကောင်များကို စားသုံးခြင်းကြောင့် ရောဂါဖြစ်နိုင်ချေနည်းပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုရောဂါပိုးသည် အပူနှင့် ထိတွေ့လျှင် သေဆုံးနိုင်သောကြောင့်ဖြစ်ပါသည်။

ဖြစ်နိုင်ခြေများ

H5N1 Influenza (ကြက်ငှက် တုပ်ကွေး) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရောဂါရှိသော ကြက် ဘဲများနှင့် ယင်းတို့၏အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများတွယ်ငြိနေသော လှောင်အိမ်များ နှင့် မွေးမြူရေးပစ္စည်းများကို ထိတွေ့ရသောသူများသည် ရောဂါကူးစက်ခံနိုင်ရချေများပါသည်။

  • မချက်ပြုတ်ထားသော ကြက်များ၊ ဥများကို စားခြင်း
  • ရောဂါဖြစ်နေသော ကြက်များကို ထိတွေ့မိခြင်း(သင်သည် မွေးမြူရေးခြံပိုင်ရှင် သို့မဟုတ် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် ရောဂါဖြစ်သူကို ပြုစုစောင့်ရှောက်နေရသူဖြစ်လျှင် ပိုပြီး ကူးစက်ခံနိုင်ချေများပါသည်။)
  • ကြက်ငှက် တုပ်ကွေးဖြစ်သော နေရာများကို ခရီးထွက်မိခြင်း

(ဟယ်လိုဆရာဝန်မှ ကူးယူဖော်ပြပါသည်)