FDA myanmar က တားမြစ်ဓာတုပစ္စည်းများပါဝင်တဲ့အလှကုန်ပစ္စည်းများထုတ်ပြန်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAမှ အသိပေးထုတားမြစ်ဓာတုပစ္စည်းများပါဝင်တဲ့ အလှကုန်ပစ္စည်း (၁၂) မျိုးကို ပြည်သူများသုံးစွဲရန်မသင့်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

လတ်တလော ပြည်တွင်းမှာရောင်းချနေတဲ့အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း (၁၂) မျိုးအနေနဲ့အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာမှတ်တမ်းတင်ထားခြင်းမရှိတဲ့အပြင် ကျန်းမာရေးအတွက်ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်းFDAက စစ်ဆေးတွေ့ရှိရတာကြောင့်အများပြည်သူလူထုသုံးစွဲရန် မသင့်ဘူးလို့ဆိုပါတယ်။

အဆိုပါတားမြစ်ဓာတုပစ္စည်းများကို အသုံးပြုပါက အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူတာကြောင့်ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း၊အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း သိရပါတယ်။

အထက်ပါ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAမှ တားမြစ်ဓာတုတွေပါဝင်လို့သုံးစွဲဖို့မသင့်တဲ့ ယင်းအလှကုန်ပစ္စည်း၁၂ မျိုးကို ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချနေပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။