(EV Charger) 7 KW များ ရန်ကုန်လေဆိပ်သို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motor Co.,Ltd မှ တင်သွင်းလာသော Star Charge အမျိုးအစားလျှပ်စစ်သုံးယာဉ် အိမ်သုံးအားသွင်းစက် (EV Charger) 7 KW များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီလ ၂၄ ရက်နေ့တွင် ရောက်ရှိလာကြောင်းသိရပါတယ်..။