ရုရှား-မြန်မာ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ

ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ (၂၀) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံ၏ စစ်ဘက်ဥပဒေစနစ်နှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။