CRPH၊NUG နှင့် လက်ဝေခံများ၏လှုံ့ဆော်၊ဝါဒဖြန့်ခြင်းများကို လိုက်ပါလုပ်ဆောင်သူများအား အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHNUG နှင့်၎င်းတို့၏လက်ဝေခံများ၏လှုံ့ဆော်၊ဝါဒဖြန့်ခြင်းများအားလိုက်ပါလုပ်ဆောင်ခြင်း၊အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအားဖော်ထုတ်အရေးယူလျက်ရှိရာ-

(၁) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်နေ သင်းရနံ့ဦးသည် ၎င်းအသုံးပြုသည့် “Mi Ya Nant” Facebook အကောင့်နှင့်

(၂) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်နေ ခင်မောင်ဝင်းသည် ၎င်းအသုံး ပြုသည့် “Khin Mg Win” Facebook အကောင့်

(၃) ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်နေ ခင်ခင်ထိုက်သည် ၎င်းအသုံးပြုသည့် “Khin Khin Htite” Facebook အကောင့်၊

(၄) အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ကောင်းမြတ်မိုးသည် ၎င်းအသုံး ပြုသည့် “Kaung Myat Moe” Facebook အကောင့်နှင့်

(၅) လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ ခင်ဇော်သည် ၎င်းအသုံးပြုသည့် “Khin Zaw” Facebook အကောင့်တို့ဖြင့် တို့ဖြင့် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။