ပဇီကြီးဆိုတာ NUG ရုံးဖွင့်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေတဲ့ နေရာတစ်ခုပါ

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးမှာတဲ့ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ NUG ရုံးဖွင့်တဲ့နေ့မှာ တပ်မတော်ကနေ တိုက်ခိုက်ချေမှုန်းခဲ့တာနဲ့ပတ်သက်ပြီး အင်တာနက်စာမျက်နှာမှာ အရပ်သားတွေတိုက်ခိုက်ခံရတာလို့ တစ်ဖက်သတ် စွပ်စွဲပြောဆိုနေတာနဲ့ပတ်သက်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့သေဆုံးသွားတယ်ဆိုရင် အရပ်သားသေဆုံးကြောင်းနဲ့ သူတို့ အောင်ပွဲရရင်တော့ PDF ပါဆိုပြီးဓာတ်ပုံတွေ၊ မှတ်တမ်း video တွေနဲ့ပြောဆိုမှုများရှိနေတာ khit thit၊ DvB၊ Mizzima တွေကနေတင်တဲ့ သတင်းကိုကြည့်မိရင် နားလည်နိုင်မှာပဲဖြစ်ပါတယ်။ တကယ့်မြေပြင်တွင်လည်း ၎င်းတို့နေနဲ့ ရုံးနေရာအနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားရုံ သာမက ရွာကလူတွေကိုပါ လူသားဒိုင်းအဖြစ်အသုံးချနေမှုများကို pdf သတင်းတွေဘက်က video ဖိုင်တင်တာကိုကြည့်ခြင်းအားဖြင့် “မိုင်းတွေထောင်ထားတယ်၊ ဒဏ်ရာရ လူနာတွေကို အရဲစွန့်ပြီး မကယ်ရဲဘူး” ဆိုပြီး ပြောထားတာကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့အသုံးပြုနေတဲ့ ယမ်းများ၊ မိုင်းများကို သိုလှောင်ထားတဲ့ ခဲယမ်းသိုလှောင်ထားသည့်နေရာလည်းရှိသလို ၎င်းနေရာဟာ ရွာမဟုတ်ဘဲ PDF အကြမ်းဖက်သမားများနေထိုင်နေသည့်အတွက် စစ်ရေးပစ်မှတ်သာဖြစ်ပြီး အဆိုပါနေရာတည့်တည့်ကို တိတိကျကျထိမှန်သည့်အတွက် အကြမ်းဖက်သမား သန့်ဇင်အပါအဝင် pdf နောက်လိုက်များပါ ပေါက်ကွဲပြီးသေဆုံးသွားကြောင်းကိုလည်း သတင်းအတိအကျ ရရှိထားပြီးဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အကြမ်းဖက်သမားများရှိနေသည့်နေရာကို တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး အကြမ်းဖက်သမားများနှင့်ရှိနေသူများသည် အကြမ်းဖက်အားပေး၊ အကြမ်းဖက်ထောက်ခံသည့် အကြမ်းဖက်သမားများသာဖြစ်ကြောင်းဖော်ပြလိုက်ပါတယ်။