မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး တစ်လျှောက်တွင် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတစ်လျှောက်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များအား ဆရာတော်၊သံဃာတော်များမှ နိုဝင်ဘာ ၁၃ ရက်(ယနေ့)နံနက်ပိုင်းက ရွတ်ဖတ်ခဲ့ကြကြောင်း သိရသည်။

“မြဝတီမြို့က ဆရာတော်၊ သံဃာတော် ၂၅ ပါးက တောင်ပေါ်လမ်းတစ်လျှောက်ကို အန္တရာယ်ကင်းပရိတ်တရားတော်တွေ အသွားအပြန်ရွတ်ဖတ်ခဲ့ကြပါတယ်”ဟု မြဝတီမြို့အခြေစိုက် အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။