၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီး နှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လသား အရွယ်တွင် အရပ်အမြင့် ၂ ပေ ၉ လက်မ၊ ကိုယ်လုံး လုံးပတ် ၄ ပေ၊ ကိုယ်အလေးချိန် ၂၆၀ ပေါင် ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိပါတယ်။

ဆင်ဖြူတော်ကလေးမှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ သိရှိရပါတယ်။