အ သူခံ၊ လည်သူ စား တော်လှန်ရေးကာလ ငွေကြေးအရှုပ်တော်ပုံ

အမေရိကန်မှာနေထိုင်တဲ့ NLD အမာခံ ဒေါ်ရိုစီအောင်ရဲ့ NUG အဖွဲ့အပေါ် အားမလိုအားမရ ဖြစ်မှုနဲ့ ရုံးစာရေးမ ဘဝကနေ အမေရိကန်မှာ ဒေါ်လာသန်းချီပိုင်ဆိုင်သွားတဲ့ သူဌေးမလေးအကြောင်း အတွင်းကျကျထုတ်ဖော်ပြောကြားချက် လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်..
ဘောမလော်ဘီများ မကြာခဏပြောနေတဲ့ “အ သူခံ၊ လည်သူ စား” တော်လှန်ရေးအကြောင်းပြ အလှူခံလုပ်စားသူတွေကို ပယ်ပယ်နယ်နယ် ထိထိမိမိ ပြောသွားတဲ့ ဒေါ်ရိုစီအောင်ရဲ့ ပြောကြားချက်တွေကို အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနက် ထောက်ခံသူ အများအပြားရှိကြပါတယ်။

စစ်အာဏာရှင်ကို မလိုလားလို့ တော်လှန်ရေးအတွက် အလှူငွေထည့်ဝင်ကြသူတွေအနေနဲ့ သူတို့ထည့်ဝင်လိုက်တဲ့ အလှူငွေတွေကို လူလည်ကျ ကိုယ်ကျိုးအတွက် သုံးစွဲပြီး နေ့ခြင်း ညခြင်း သူဌေးဖြစ်လာသူတွေကို မြင်​နေရလို့ ပေါက်ကွဲနေကြတာလဲ ဖြစ်ပါတယ်။
လုံခြုံရေးအကြောင်းပြချက်နဲ့ စာရင်းမရှင်းနိုင်ဘူးလို့ မိုက်မိုက်ရိုင်းရိုင်း စကားလုံးတွေနဲ့ ခပ်တည်တည် မကြာခဏ Live လွှင့်ပြီး ရိုးသားဟန်ဆောင်နေပေမဲ့ သူ့ရဲ့လုပ်စားအကွက်တွေက ထပ်ခါတလဲလဲ မဖုံးနိုင်မဖိနိုင်ပေါ်လာတော့ သူတို့အချင်းချင်း ထောက်ပြဝေဖန်လာတာဖြစ်မယ်ထင်ပါတယ်။
တောထဲရောက် PDF လေးတွေရဲ့ ကြေကွဲပေါက်ကွဲသံစဉ်နဲ့ အလှူခံလုပ်စားသူအချင်ချင်း၊ ခွက်စောင်းခုတ် ခွက်လု Live လွှင့်ချက်တွေ ကြည့်ပြီး တော်လှန်ရေးအတွက် လှူဒါန်းနေကြတဲ့ ပြည်သူတွေကို သနားမိပါတယ်။
“အသူ ခံ၊ လည်သူ စား” တော်လှန်ရေးမှာ NUG၊ PDF ၊ အလှူခံလုပ်စားလော်ဘီတွေနဲ့ EAOs တွေအကြား သပွတ်အူ ငွေကြေးအရှုပ်အရှင်းများကို မကြာခဏ ကြားသိနေရပြီး လည်သူတွေလုပ်မစားနိုင်ရေးနဲ့ ငတုံး၊ ငအများ မဖြစ်စေရေးအတွက် မိမိချွေးနည်းစာနှင့် ထည့်ဝင်တဲ့ အလှူခံငွေတွေကို လူလည်ကြီးတွေက ကိုယ်ကျိုးအတွက် အသုံးပြုမခံရစေရေး အလှူခံထည့်ဝင်ရာမှာ သတိထားကြဖို့ စေတနာနဲ့ အသိပေးနှိုးဆော်ချင်ပါတယ်။