ဆန္ဒပြပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ရေဦးပကဖ

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊ သံသည်ကျေးရွာက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၈ ဦးကို သူတို့ကို ဆန္ဒပြတယ်ဟုဆိုကာ မြို့နယ် ပကဖခေါင်းဆောင်မြင့်ထွေးက မတ်လ ၁၇ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ (၆)ဦး ဖမ်းမိပြီး (၂)ဦးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက်မှာလည်း သံသည်ကျေးရွာမှ ပြည်သူ (၂၀၀) ခန့်က တွေ့ခွင့်တောင်းရာ မြင့်ထွေးဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့က လက်နက်တွေနဲ့ ပစ်ဖောက်ခြိမ်းခြောက်ခဲ့တဲ့အပြင် ကြိမ်လုံးတွေကိုထုတ်ကာ ရိုက်နှက်ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ အချင်းချင်းတောင် မတည့်တဲ့ သူတို့ရဲ့တော်လှန်ရေးက ပြည်သူတွေအတွက်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ လုပ်နေလေရဲ့…လက်နက်ရှိတော့ ပြည်သူတွေကို အနိုင်ကျင့်ချင်တိုင်း ကျင့်နေကြတယ်လို့လည်း ဒေသခံတွေထံမှ သိရှိရပါတယ်။