အမေအိုမှာ မကြောက်ပါဘူး

ပြန်မရနိုင်တော့တဲ့ အရာတွေထဲမှာ အမေ ပါတယ်နော်။
အမေသေမှ မငိုကြနဲ့ ၊ နားငြီးတယ်။
အမေရှိတုန်းမှာ အမေကို တန်ဖိုးထားပါ။
အမေကို တန်ဖိုးထားတဲ့သားသမီးတိုင်း ကြီးပွားတိုးတတ်ပါတယ်။
အမေကို ပြစ်ပယ်ထားလို့ကတော့.. ဒဏ်ရာတွေ ဗလဗွနဲ့ သောက ရောက်ရတတ်ပါတယ်။
သားသမီး ၁၀ ယောက်ကို အမေ ရှာကျွေးနိုင်ပါတယ်။ သားသမီး ၁၀ ယောက်က အမေကို ဟင်းလေး တစ်ခွက်တောင်မှ လာမပို့နိုင်ရှာပါဘူး။
ပိုက်ဆံမရှာနိုင်သေးတော့ အမေ့စီမှာ..
နားပူနားဆာလုပ်ပြီး ပလီပလာနဲ့ လိုချင်တာရအောင် တောင်းတယ်။
ပိုက်ဆံရှာနိုင်တဲ့ အခါကျတော့ အမေကို စုံကန်ထွက်သွားတယ်။
သားသမီးကို ယုံရင် စုံလုံးကန်းတယ်တဲ့။
သားသမီးတွေစီက ဘာမှမမျှော်လင့်တာ အကောင်းဆုံး။
အမေကို တန်ဖိုးထားတဲ့ သားသမီးဆိုတာ ရှားပါတယ်။
သူတို့ သား မယား လင်တွေနဲ့ ပျော်ပိုက်နေကြတာလေ။
အမေကိုကြတော့ ရှိမှန်းတောင် မသိရှာဘူး။
သူတို့မိသားစု ကြီးပွားတိုးတတ်ရေးပဲ စဉ်းစားနေကြတာ။
အမေကို ချောင်းထိုးပြီး ဆွမ်းတော်ကပ်နေကြပါတယ်။
အမေရဲ့ တန်ဖိုးကို မသိသ၍ ကြီးပွားဖို့ ခဲရင်းပါတယ်။
ဘုရားပြီးရင် အမေဆိုတာ စွမ်းအားအကြီးဆုံးပါပဲ။
အမေရဲ့ စွမ်းအားတွေ မသိလို့ မတိုးတတ်တာပါ။
ကြီးပွားတိုးတတ်ချင်ရင် အမေကို ဘုရားလို ကိုးကွယ်ပါ။
အမေကို စိတ်ချမ်းသာအောင် ထားလိုက်ပါ။
အမေကြိုက်တတ်တာလေးတွေကို ဝယ်ကျွေးပါ။
အမေကို အငြိမ်းစားပေးလိုက်ပါ။
အမေကို တစ်ဖန်ပြန်ပြီး လုပ်ကျွေးပြုစုပါ။
ဒါဆိုကြီးပွားပါလိမ့်မယ်။