ယနေ့ တပ်မတော်က ဖွင့်လှစ်သင်ကြားပေးနေတဲ့ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတဲ့ စစ်ပညာရပ်များဟာ တကယ့်စစ်မြေပြင်မှာများစွာအသုံးဝင်သလို စစ်သည်တွေတစ်ဦးချင်းတတ်အပ်ရမယ့် စစ်ပညာတွေလည်း ဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာ စစ်ပညာတစ်မျိုးတည်းသင်ပေးတာမဟုတ်ဘဲ စိတ်ဓာတ်စည်းကမ်းပိုင်းနဲ့ မြန်မာ့သိုင်းရဲ့အခြေခံ ကိုယ်ခံပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာမယ့် တာဝန်ကို ကျရာအခန်းကဏ္ဍကနေ တစ်စိတ်တစ်ဒေသ သယ်ပိုးထမ်းရွက်ကြမယ့် စစ်သည်တော်များအတွက် သိသင့်သိထိုက် တတ်သင့်တတ်အပ်တဲ့ ပညာရပ်တွေကို စနစ်တကျလေ့ကျင့်သင်ကြားပေးနေတဲ့ မိခင်ကျောင်းတော်ကြီးကတော့ နောက်ထပ်နောက်ထပ်သော သူရဲကောင်းစစ်သည်တော်အသစ်များကိုလည်း နွေးထွေးစွာဖြင့် လက်ကမ်းကြိုဆိုလျက်ရှိနေပါတယ်။
ဆက်စပ်အကြောင်းအရာများ
မန်းရွှေဘများရဲ့ skill ကိုရှိုးလိုက်ဦး
- Admin
- August 9, 2023
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကြမ်းဖက်တွေအနေနဲ့ တပ်မတော်စစ်ကြောင်းတွေကို ကြောက်နေရသလို မန်းရွှေဘများရဲ့ အထူးတပ်ဖွဲ့တွေကိုလည်း ကြောက်နေရတယ်။ မကြောက်လို့လဲ ဘယ်ရမလဲ… အထူးတပ်ဖွဲ့ကလူတွေကရောက်ရောက်ချင်း လှစ်ခနဲ လှစ်ခနဲနေတာပဲ သူတို့ကိုယ် သူတို့ဖမ်းခံရမှန်းတောင် သိလိုက်ချိန်မရဘူး။ […]
နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စများ အမြင်ချင်းဖလှယ် ဆွေးနွေး
- Admin
- October 22, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့နံနက် ၁၀ […]
ကျောက်ပန်းတောင်း ပြည်သူ့စစ်ကို လက်နက်များတပ်ဆင်ပေးပြီ
- Admin
- April 11, 2024
ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ ယမန်နေ့က ကျောက်ပန်းတောင်း တပ်နယ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။