နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စများ အမြင်ချင်းဖလှယ် ဆွေးနွေး

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည်  မြန်မာနိုင်ငံဆိုင်ရာ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန  ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံခဲ့ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ  တိုင်းရင်းသားလူငယ်လူရွယ်များ၏ လူ့စွမ်းအား အရင်းအမြစ်

ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု၊  နိုင်ငံတော်အစိုးရက    အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စ၊ မြန်မာနိုင်ငံမြောက်ပိုင်း ရှိ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ တည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊

ရခိုင်ပြည်နယ်မှ   နေရပ်စွန့်ခွာ သွားသူများ ပြန်လည်စိစစ် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်

ကူညီဆောင်ရွက် ပေးလျက်ရှိသည့်ကိစ္စနှင့် နှစ်နိုင်ငံ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။

crd; mwd