ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း အမှတ်စဉ်(၃) ကျောင်းဆင်းအရာရှိများမှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) သို့ သွားရောက်ပြီး စစ်မြေပြင်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးဝါးတက်ရောက်ကုသနေသည့် တပ်မတော်သားများအား ဆေးရုံတက်ရောက်နေစဉ်လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် တပ်မတော်သားများ၏ လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုအလှူငွေများပေးအပ်ခဲ့ပြီး ဆေးပစ္စည်းအချို့ကိုလည်း လှူဒန်းခဲ့ကြောင်း သိရှိရပါတယ်။ လေးစားဂုဏ်ယူပါတယ် အမှတ်စဉ်(၃)ရေ…ထပ်တူဝမ်းသာပီတီဖြစ်ရပါတယ်။ တပ်မတော်သားအားလုံးရဲ့ နောက်မှာ….ငါတို့အားလုံးရှိနေတယ်။
ဆက်စပ်အကြောင်းအရာများ
ကျောက်ပန်းတောင်း ပြည်သူ့စစ်ကို လက်နက်များတပ်ဆင်ပေးပြီ
- Admin
- April 11, 2024
ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ ယမန်နေ့က ကျောက်ပန်းတောင်း တပ်နယ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
မြန်မာသိုင်းနဲ့ မျိုးချစ်လူငယ်များ
- အေးခင်
- April 11, 2024
ပြည်သူ့စစ်မှုထမ်းသင်တန်းသားတွေဟာ နိုင်ငံတော်နှင့်အမျိုးဘာသာသာသနာကို ထိပါးလာတဲ့ ရန်သူတွေကိုတွန်းလှန်တိုက်ထုတ်နိုင်ဖို့ မြန်မာသိုင်းသင်ခန်းစာတွေကို စတင်လေ့ကျင့်သင်ကြားနေပြီဖြစ်ပါတယ်။ မြန်မာ့သိုင်းအခြေခံ ၆၃ မျိုးစတင်သင်ကြားနေတဲ့ပုံရိပ်များကိုဖော်ပြပေးလိုက်ပါတယ်နော်.။
သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲ နေပြည်တော် သူရဲကောင်းဗိမာန်တွင် ကျင်းပ
- Admin
- December 3, 2023
ခေတ်အဆက်ဆက်က တိုင်းပြည်အတွက်အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်များအား အမှတ်တရဂုဏ်ပြုပွဲကို ယနေ့ နေပြည်တော် သူရဲကောင်းဗိမာန်မှာ ကျင်းပလျက်ရှိပါတယ်။နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဒဿမအကြိမ်မြောက် အခမ်းအနားတွင် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်အရာရှိ(ငြိမ်း)များ၊ တပ်မတော်သား မိသားစုဝင်များက […]