မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဖူးမြှော်ခွင့်နှုန်းထားနှင့်ပတ်သက်၍ ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဗုဒ္ဓဥယျာဉ်ကြီးအကျယ်အဝန်းသည် ဧကပေါင်း ၂၅၅ ဧကအထိ ရှိပြီး ၁ လ လျှင် လျှပ်စစ်မီတာခ သိန်း ၁၀၀၀ ကျော် ခန့် ကျသင့်ကြောင်း၊ ဤကဲ့သိုသော စကျင်ဗုဒ္ဓရုပ်ပွားတော်ကြီး နောက်ထပ်တည်ရန်၊ ပေါ်ပေါက်လာရန်မလွယ်ကူကြောင်းနှင့် စကျင်ကျောက်များသည် အဖိုးတန်ရတနာဖြစ်ပြီး ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ဘုရားကြီးပရဝဏ်အတွင်းအပြင်သန့်ရှင်းသာယာလှပရေးအတွက် ဝန်ထမ်းအင်အား ၅၀၀/၆၀၀ ကျော် ခန့်အပ်ရမည်ဖြစ်ကြောင်း၊ ဘုရားကြီး၏ အထွေထွေ ကုန်ကျစရိတ်သည် နိုင်ငံတော် ဘတ်ဂျက်အရ သုံးစွဲခွင့်မရှိကြောင်း စသည့်အကြောင်းအရာများကြောင့် ဘုရားဖူးပြည်သူများအား ကုသိုလ်ပါဝင်ခွင့်ရရှိစေရန် တစ်ဦးလျင် ၁ ထောင်ကျပ် ကောက်ခံရခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်၊။
ဆက်စပ်အကြောင်းအရာများ
မင်္ဂလာနံနက်ခင်းပါ
- အေးခင်
- May 5, 2024
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ..မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာပါစေ..အားလုံး ကျန်းမာ ချမ်းသာကြပါစေ..ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေ သဘာဝဘေး […]
မိဘမဲ့ပရဟိတကျောင်းမှလူငယ်များအား ကျန်းမာရေးစောင့်ရှောက်ပေး
- အေးခင်
- February 10, 2024
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ငါးစိုတိုက် မိဘမဲ့ပရဟိတကျောင်းမှ လူငယ်များအား ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးခဲ့ကြောင်းသိရပါတယ်။
ကျောက်ပန်းတောင်းမြို့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
- ပုည
- February 14, 2023
ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၀ ဦး၊ ခွဲစိတ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၇ ဦး၊ အရိုးရောဂါ ၂၂၉ ဦး၊ […]