ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ် မအူကျေးရွာ အနီးတစ်ဝိုက်တွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အကြမ်းဖက် ၂ ကောင်သည် ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့များက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အဆိုပါ စခန်းအနီး တစ်ဝိုက်အား အသေးစိတ် ဆက်လက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ လူနေတဲ ၄ လုံး၊ PDF ၂ လောင်း၊ လက် လုပ် တစ်တောင့်ထိုးသေနတ် ၁၀ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ ၅.၅၆ ကျည် ၃၂ တောင့်၊ အမ်-၂၂ ကျည် ၃၂ တောင့်၊ ၇.၆၂ ကျည် ၁၀ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃၂ လုံး၊ လက်လုပ် ၄၀ မမ ဗုံးသီး ၁၁ လုံး၊လက်လုပ်ကျည်အိမ် ၆ ခု၊ ကော့တက်ယမ်းကြီုး ၂ ခွေ၊ လက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ ဆားကစ်ပြား ၅၂ ခု၊ ရီမုခလုတ် ၂၈ ခု၊ စကားပြောစက် ၁ လုံး၊ အိပ်ယာလိပ် ၁၅ ခု၊ ဆန် ၂ အိတ်၊ ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့် မိုင်းဆွဲကြီုး ၁ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
ငါးဇွန်မြို့နယ်မှာ လက်လုပ်မိုင်းမျာအားရှင်းလင်း
- ပုည
- September 8, 2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သူနပ်စစ်ကျေးရွာအနီး အများပြည်သူအသုံးပြုနေသည့် လမ်းပေါ်တွင်PDF အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းများကို တပ်ဖွဲ့များမှ ဖော်ထုတ်ရှင်းလင်းပေးခဲ့တယ်လို့သိရပါတယ်။
ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွား
- အေးခင်
- October 11, 2022
အောက်တိုဘာ ၇ ရက် စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာ၌ အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းရ၍ တပ်မတော်စစ်ကြောင်းများ သွားရောက်ရှင်းလင်းစဉ် နေအိမ်အတွင်း အကြမ်းဖက် ၁ ဦးမှ […]
ဆားလင်းကြီးမြို့နယ်၌ အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွား
- ရှင်ယွန်း
- April 2, 2023
ဧပြီ ၁ ရက်၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ကံကုန်းကျေးရွာအနောက်ဘက် မီတာ ၅၀၀ ခန့်အကွာသို့ အရောက် PDF ၁၀ ဦးခန့်က […]