မအူကျေးရွာက PDF စခန်းအားတိုက်ခိုက်သိမ်းပိုက်

ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ် မအူကျေးရွာ အနီးတစ်ဝိုက်တွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အကြမ်းဖက် ၂ ကောင်သည် ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့များက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အဆိုပါ စခန်းအနီး တစ်ဝိုက်အား အသေးစိတ် ဆက်လက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ လူနေတဲ ၄ လုံး၊ PDF ၂ လောင်း၊ လက် လုပ် တစ်တောင့်ထိုးသေနတ် ၁၀ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ ၅.၅၆ ကျည် ၃၂ တောင့်၊ အမ်-၂၂ ကျည် ၃၂ တောင့်၊ ၇.၆၂ ကျည် ၁၀ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃၂ လုံး၊ လက်လုပ် ၄၀ မမ ဗုံးသီး ၁၁ လုံး၊လက်လုပ်ကျည်အိမ် ၆ ခု၊ ကော့တက်ယမ်းကြီုး ၂ ခွေ၊ လက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ ဆားကစ်ပြား ၅၂ ခု၊ ရီမုခလုတ် ၂၈ ခု၊ စကားပြောစက် ၁ လုံး၊ အိပ်ယာလိပ် ၁၅ ခု၊ ဆန် ၂ အိတ်၊ ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့် မိုင်းဆွဲကြီုး ၁ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။