ဗန်းမောက်မြို့နယ်ရှိ လုံခြုံရေးစခန်းတစ်ခုအား Kia/pdf ပူးပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့်တိုက်

ဗန်းမောက်မြို့နယ်ရှိ ကြောင်လည်ရွာအနီး ကချင်နဲ့ပင်လယ်ဘူးနယ်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တပ်မတော်လုံခြုံရေးစခန်းတစ်ခုအား မေလ ၂၂ ရက်တွင် Kia/pdf ပူးပေါင်းအင်အား၁၀၀၀ ခန့်နဲ့လာတိုက်ခိုက်ခဲ့ရာ တပ်မတော်မှ ကြိုတင်ခံစစ်ပြင်ဆင်ထားပြီးစစ်ဗျူဟာမြောက် ပြန်လည်တိုက်ခိုက်ခဲ့ပြီး တပ်မတော်လေမှလည်း လေကြောင်းပစ်ကူများပေး၍ မြေပြင်ဝေဟင် ပေါင်းစပ်ဝိုင်းပတ်ချေမှုန်းခဲ့တဲ့အတွက် Kia/pdf ၃၅ ဦးသေဆုံးပြီး လက်နက်ငယ် မောင်းပြန် ၁၆ လက်နဲ့ လက်လုပ်သေနတ်မြောက်များစွာ ရရှိခဲ့ကြောင်းသိရပါတယ်။

ကြောင်လည်ရွာသည် ကချင်ဘက်ကလာတဲ့လက်နက်ခဲယမ်းမူးယစ်ဆေး ကချင်ဘက်ကိုထွက်မဲ့ သစ်၊ ရွှေ စတာတွေသယ်ဆောင်ရာ အဓိကကျသည့် လမ်းကြောင်းပေါ်တွင်ရှိပြီး ၎င်းရွာကိုဖြတ်ပြီးမှ မြောက်ဘက်ခြမ်း ကချင် ဘက်မော် လူးမော်ဟန်နယ်ကတဆင့် kia စီသွားရကြောင်းသိရပါတယ်။