တာဝန်သိပြည်သူရဲ့သတင်းပေးချက်အရ အကြမ်းဖက် PDF တစ်ဦးအားဖမ်းဆီးရမိ

မေလ ၂၂ ရက် နံနက် ၈ နာရီ အချိန်ခန့်က တာဝန်သိပြည်သူထံမှ ရရှိသတင်းအရ သိမ်ဇရပ်မြို၊ အမှတ်(၄)ရပ်ကွက်ကြီး၊ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် အကြမ်းဖက် PDF တစ်ဦးဖြစ်သည့် စောသီဟဝင်းခိုင်(ခ)စောသီဟ၊ ၂၀နှစ်(ဘ)ဦးဝင်းခိုင်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ၁၀/ကထန(နိုင်) ၁၂၀၇၀၉၊ မွန်စုရပ်ကွက်၊ သိမ်ဇရပ်မြိုနေသူအားဖမ်းဆီးရမိခဲ့။

၎င်းသည် တောင်လုံးကျော် PDF အကြမ်းဖက်စခန်းမှ အကြမ်းဖက် PDF တစ်ဦး ဖြစ်ပြီး၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကော့ကရိတ်မြိုအား ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြောင်း၊ ပြည်သူများ၏ နေအိမ်၊ ရုံးနှင့် ခြံစည်းရိုးများအား မီးရှိဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။