ထိုင်းရွေးကောက်ပွဲတွင် အဓိကအတိုက်အခံပါတီကြီး နှစ်ခု ဦးဆောင်လျက်ရှိ

မေလ ၁၄ ရက် ထိုင်းရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းရှိ မဲရုံများ၏ ၉၉ ရာခိုင်နှုန်းမှ ဆန္ဒမဲများအား ရေတွက်ပြီးစီးမှုအရ ရှေ့သို့ချီပါတီ (Move Forward Party- MFP) က မဲ ၁၄ သန်းရရှိထားပြီး ဖြူထိုင်း(Pheu Thai) ပါတီက ၁၀.၆ သန်းရရှိထားပြီး စစ်ဘက်အကြီးအကဲဟောင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-O-Cha) ဦးဆောင်သည့် စည်းလုံးညီညွတ်သော ထိုင်းအမျိုးသားပါတီ( United Thai Nation Party) က ဆန္ဒမဲ ၄.၆ သန်းဖြင့် တတိယနေရာတွင် ဦးဆောင်လျက်ရှိပါတယ်။

ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းရမည့်အနေအထားရှိပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ဖြူထိုင်းပါတီခေါင်းဆောင် ပေတွန်တန်ရှင်နာဝါထြာ (Paetongtarn Shinawatra)က ပထမနေရာတွင် ဦးဆောင်နေတဲ့ MFP ပါတီအား ချီးကျူးဂုဏ်ပြုခဲ့ပြီး ဖြစ်နိုင်ဖွယ်ရှိသော အနာဂတ်အစိုးရတစ်ရပ်တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့တယ်လို့သိရပါတယ်။