လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လွိုင်ကော်မြို့၌ ပိတ်ဆို့စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိစဉ် မေလ ၅ ရက်နေ့ နေ့လည် ၁ နာရီတွင် ဟိုက်ဂျက်(အဖြူရောင်)ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်လိုက်ပါလာသည့် ဖရန်စစ္စကို (ခ) မောင်ကို့၊ ၂၉ နှစ်၊ (ဘ)ဦးနွဲ့လက်၊ ပီမောင်းကျေးရွာ၊ ဖယ်ခုံမြို့နယ်နေသူ ကိုင်ဆောင်သော လက်ကိုင်ဖုန်းအတွင်းမှ မသင်္ကာ ဖွယ်ရာ မှတ်တမ်းဓာတ်ပုံများတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်း၏လက်ကိုင် ဖုန်း အတွင်းရှိ မှတ်တမ်းဓာတ်ပုံများသည် လက်လုပ်သေနတ် ၃ လက် အရောင်း/ အဝယ်ပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်ကြောင်းသိရပြီး အဆိုပါ ဖရန်စစ္စကို(ခ)မောင်ကို့ အားလွိုင်ကော်မြို့မရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး အမှုဖွင့်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ
CDM တွေကို ထိထိရောက်ရောက် အရေးယူတော့မယ်
- ရှင်ယွန်း
- January 26, 2023
CDM တွေနဲ့ ပတ်သက်ပြီး တစ်လအတွင်းမှာ စီမံချက်နဲ့ အရေးယူတော့မယ်ဆိုပြီး သိရတယ်။ ဘာကြောင့်လဲဆိုတော့ အခုသိနေရတာက CDM လုပ်ထားတဲ့သူတွေက CDM ဆိုပြီးသာခေါင်းစဉ်တပ်ထားတာ အိမ်မှာအေးဆေးနေကြတဲ့သူတွေမဟုတ်ဘူး…အထူးသဖြင့် ဆရာဝန်တွေဆိုရင် […]
အကြမ်းဖက် KNU/PDF အဖွဲ့က ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်
- Admin
- June 20, 2023
ဇွန်လ ၂၀ ရက် မနက် ၉ နာရီခန့်တွင် အကြမ်းဖက် KNU/PDF အဖွဲ့သည် ကော့ကရိတ်မြို့အတွင်းသို့ ရေလည်မြိုင်ဘက်မှနေ၍ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး […]