အင်ဒိုနီးရှားက မြန်မာနိုင်ငံမှ ပုံမှန်ဝယ်ယူနေသည့်ဆန်ပမာဏထက် တန်ချိန်ပိုမိုဝယ်ယူမည်

အင်ဒိုနီးရှားအစိုးရပိုင် နိုင်ငံတော်အဆင့် စားနပ်ရိက္ခာဝယ်ယူသိုမှီးရေးအဖွဲ့ (Bulog) က မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံမှဆန်တန်ချိန် (၃) သန်း ဝယ်ယူတင်သွင်းရန် ရည်မှန်းထားကြောင်း အင်ဒိုနီးရှားသတင်းဌာနများမှ ရေးသားထားသည်။

” အင်ဒိုနီးရှားကတော့ ပုံမှန်ဝယ်နေတာပဲ။ သတ်မှတ်တန်ချိန်ထက် ပိုပြီးဝယ်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ သူ့နိုင်ငံက မြန်မာနိုင်ငံ‌ထက်တောင်လူဦးရေပိုများတယ်”ဟုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှဥက္ကဌထံမှ သိရှိရပါတယ်။