အကယ်ဒမီဆုပေးပွဲအတွက် လျှောက်ထားလာတဲ့ ရွှေကြိုးတွေကို စတင်ရွေးချယ်မှုပြုလုပ်”

နေပြည်တော်မှာကျင်းပမည့် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် လျှောက်ထားလာတဲ့ ရွှေကြိုမောင်မယ်တွေကို၊ မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြိုနယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ စတင်ရွေးချယ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၃ နှစ်စာ အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြိုလာရောက်လျှောက်ထားသူ ၁၈၀ နီးပါးရှိနေတာဖြစ်ပြီး အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ မေသဉ္ဇာဦးနဲ့ အကယ်ဒမီ စိုးမြတ်သူဇာတိုက ရွှေကြိုမောင်မယ်စိစစ်ရွေးချယ်ရေးအဖွဲအဖြစ် ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါရွေးချယ်ပွဲကို ဒီကနေ့တစ်ရက်တည်းမှာ မနက်ပိုင်းနဲ့ ညနေပိုင်း အချိန်နှစ်ချိန်ခွဲကာ ရွေးချယ်သွားမှာဖြစ်ပြီး ဒုတိယအဆင့် ရွှေကြိုရွေးချယ်ခံရသူစာရင်းကို မတ်လ ၃၁ ရက်မှာ ကြေညာသွားမှာဖြစ်သလို နောက်ဆုံး Final ရွေးချယ်မူကိုတော့ ဧပြီ ၂ ရက်နေ့မှာ ပြုလုပ်သွားမယ်လို သိရပါတယ်။