နောက်ဆုံးရ မနက်ခင်း အားကစားသတင်းများ

လူဇင်ဘတ်အသင်းကို ၆ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ပွဲအတွင်း သွင်းဂိုး ၂ ဂိုး ထပ်မံသွင်းယူခဲ့တဲ့ ရိုနယ်ဒိုဟ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းများအတိုင်း နည်းပြ ကွန်တီနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ယူရိုအုပ်စုခြေစစ်ပွဲမှာ အင်္ဂလန် အသင်းက ဟယ်ရီကိန်း၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ယူကရိန်းကို ၂ ဂိုးပြတ် ထပ်မံအနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် အီတလီကလည်း မော်လ်တာကို ၂ ဂိုးပြတ် ထပ်မံအနိုင်ရခဲ့ပြီး ဖင်လန်ကလည်း မြောက်အိုင်ယာလန်ကို ဝ-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ခြေစမ်းပွဲတွေ ပြန်လည် ကစားနေတဲ့ ရုရှားအသင်းဟာ ပထမတစ်ခေါက် အီရန်နဲ့ ပွဲတုန်းက သရေကျခဲ့ပေမယ့် ယခုတစ်ခေါက် အီရတ်နဲ့ပွဲမှာတော့ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အင်္ဂလန် အသင်းနည်းပြဆောက်ဂိတ်ကတော့ လက်ရှိရာသီ အတော်လေးတိုးတက်လာတဲ့ တောင်ပံကစားသမား ဆာကာရဲ့ အရည်အသွေးတွေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်း ကွင်းလယ်ကစားသမား ကို့စတစ်ဟာ ခြေဖနောင့်ဒဏ်ရာကြောင့် ဆားဘီးယားအသင်းမှ နှုတ်ထွက်ခဲ့ရကြောင်း သတင်းရရှိပါတယ်။

ပြင်သစ်နည်းပြ ဒမ်ချမ့်ကတော့ စံချိန်သစ်တွေ ထပ်မံရယူသွားဖို့ အသင်းခေါင်းဆောင် ဘတ်ပေကို စိန်ခေါ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ကတော့ အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ပြင်သစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ နယ်သာလန် အသင်းနည်းပြ ကိုးလ်မန်းကတော့ ဂျီဘရော်တာနဲ့ ပွဲမှာ ဂိုးတွေ ရနိုင်သလောက်သွင်းဖို့ အသင်းသားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

Credit