ရှင်သန်နေဆဲလူသားသမိုင်းကို မီးရှို့ဖျက်ဆီးနေတဲ့ NUG (မောင်ဆူးလှည်း)

၂၀၂၃ ရွေးကောက်ပွဲကို ဖျက်ဆီးမယ်ဆိုတဲ့ နေရာမှာ လဝကရုံးတွေက ပစ်မှတ်ဖြစ်လာပြီး မီးရှို့ဖျက်ဆီးခံရတယ်။ အခုဆို ရုံး ၂၀ လောက်ဖြစ်လာပြီ။

NUG နဲ့ PDF တွေရဲ့ သာမန်အတွေးကတော့ စစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲကို ဖျက်ဆီးလိုက်ပြီပေါ့။ အောင်မြင်ပြီပေါ့ အဲဒီလိုထင်ကြမယ်။ မဟုတ်ပါဘူး။ ဒါကတစ်ဖွဲလုံးပေါင်းလို ကျပ်မပြည့်သူတွေ ချိန်ဆနိုင်တဲ့ အသိဥာဏ်ပါတဲ့အတွေးမျိုးမဟုတ်ပါဘူး။ ဘာကြောင့်လဲဆို

၁။ လဝကရုံးတွေကို မီးရှို့တယ်ဆိုတာက အဲဒီမြိုနယ်တွေမှာနေတဲ့ လူသားတွေရဲ့သမိုင်းကို၊ ရှင်သန်နေဆဲပြည်သူတွေရဲ့ ဘိုးစဥ်ဘောင်ဆက်သမိုင်းကို မီးရှို့ဖျက်ဆီးလိုက်တာပါ။ ဒီစာရွက်စာတမ်းတွေ ကိုယ့်အဘိုး၊ အဘွားကလွဲရင်ဆွေစဥ်မျိုးဆက်တောင်မသိတော့တဲ့ မြန်မာတွေရဲ့ မှတ်တမ်းတွေကို လွယ်လွယ်မီးရှို့ဖျက်ဆီးတာပါ။

၂။ လဝကမှာပဲ ဘိုးစဥ်ဘောင်ဆက် မှတ်ပုံတင်ရှိတာပါ။ အချက်အလက်တွေသိမ်းတာပါ။ အဲဒီလို လူသားသမိုင်းတွေမသိမ်းဘဲ လူဦးရေစာရင်းသိမ်းတာက ရပ်ကျေးနဲ့ ထွေအုပ်ပါ။ မြိုနယ်တစ်ခုကို ရွေးကောက်ပွဲပျက်စေချင်တယ်ဆိုရင် ရှိရှိသမျှ ရပ်ကျေး၊ ထွေအုပ်၊ လဝကအကုန်ရှိမှရပါတယ်။ ဒါတောင် အဲဒီလိုဖြစ်သွားဦးတော့ တစ်ပတ်အတွင်း Data စုပြီး ရွေးကောက်ပွဲလုပ်လိုရပါတယ်။ မှန်မမှန်ကတော့ ခေါင်းသုံးပေါ့နော်။

၃ ။မနေ့က ရေဖြူမြိုနယ် လဝကရုံးမီးရှို့ဖျက်ဆီးခံရတယ်။ တစ်ရုံးလုံးကုန်ပြီး နှစ်ပေါင်းဆယ်ချီလူသားသမိုင်းတွေ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ အဲဒီရေဖြူမှာနေသူတွေဟာ မှတ်ပုံတင်လုပ်ချင်ရင်၊ ပြည်ပသွားချင်ရင် သူတို့ဘယ်လိုလုပ်မလဲ။ PDF သုံးလေးဖွဲ့ အသိဥာဏ်မဲ့လိုက်တာ ရေဖြူပြည်သူတွေ အကုန်တိုင်ပတ်ပြီပဲ။

၄ ။ လဝကရုံးဖျက်ဆီးလိုက်ရင်ပြီးပြီထင်နေတာကိုက ပြသနာဖြစ်နေတာ။ တကယ်တမ်းကျမဟုတ်ပါဘူး။ အဲဒါက SAC ရဲ့ရွေးကောက်ပွဲအောင်မြင်စေဖိုပါပဲ။ SAC ရဲ့ ရွေးကောက်ပွဲ မဲအငြင်းပွားမှုဖြစ်ရင် ပထမဆုံးပြောမှာက NUG နဲ့ PDF က လဝကရုံးမီးရှိဖျက်ဆီးခံထားရလို Data မရှိလို လူဦးရေစာရင်းကို ရပ်ကျေးနဲ့ထွေအုပ်ဆီက Data တွေနဲ့လုပ်ရတယ်လို သူတိုပြောရုံပဲ။ ပြီးတော့ ဒုတိယပြောမှာက လူသားသမိုင်းတွေကို NUG နဲ့ PDF တွေ မီးရှိဖျက်ဆီးနေတယ်ဆိုတာပဲ။ NUG နဲ့ PDF က အကြမ်းဖက်တိုက်ခိုက်သ*ဖြတ်မှုလုပ်တိုင်း SAC ရဲ့ MOFA က ကုလသမဂ္ဂနဲ့ သံရုံးတွေဆီပိုတယ်။ ဒီမယ်မြင်လား။ မင်းတိုထောက်ခံထောက်ပံ့နေတဲ့ NUG နဲ့ PDF က သူတိုလုပ်ပြီး သူတိုဝန်ခံနေတာမြင်လားဆိုတာနဲ့ သံရုံးတွေနဲ့ ကုလသမဂ္ဂက ခွေးချီးမစားနိုင်နင်ကုန်တယ်။ အဲဒီလိုမျိုးတရားဝင်အခွင့်အရေးက SAC မှာပဲရှိတယ်။ ဒါကြောင့်လည်း NUG ကို ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်မပြုရဲတာဖြစ်တယ်။