မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

မြင်တတ်တဲ့ မျက်စိပါတယ်
ကောင်းတာတွေပဲ
မြင်ရလိမ့်မယ်လို့ မမျှော်လင့်နဲ့ ။

ကြားတတ်တဲ့နားရှိပါတယ်
ကောင်းတာတွေပဲ
ကြားရလိမ့်မယ့်လို့ မမျှော်လင့်နဲ့ ။

သိတတ်တဲ့စိတ်ရှိတယ်
ကောင်းတာတွေပဲ
ကြံစည်တွေးနိုင်မယ်လို့မထင်နဲ့ ။

အဆိုးအကောင်းအာရုံအမျိုးမျိုးဟာ
ကိုယ်မျက်စိ နား စိတ်တွေနဲ့ဆိုင်လို့
ကိုယ်ဆီကို တိုး၀င်လာနိုင်တယ် ။

အကုသိုလ်ပူလောင်မှုမဖြစ်အောင်
ရှောင်တတ်ဖို့က
ကိုယ့်အသိဉာဏ်နဲ့ပဲဆိုင်ပါတယ် ။

မြင့်မြင့်ထား ရှင်းရှင်းမြင်
ကောင်းတာတွေပဲ ဖြစ်သွားခဲ့ရင်

ကိုယ်လည်းအေးချမ်းသွားသလို
ကုသိုလ်လည်း များများရပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏