ဘဏ်မှထုတ်လာသော ငွေကျပ်သိန်း ၃၀၀၀ ကို လူတစ်စုက ဓားပြတိုက် လုယက်သွား

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ဖေ ဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်၌ ဘဏ်မှထုတ်လာသောငွေကျပ်သိန်း ၃၀၀၀ ကို လူတစ်စုက ဓားပြတိုက်လုယက်သွားကြောင်းသိရသည်။

ယုံရှင်းငွေလွှလုပ်ငန်းမှ စာရေးမမျိုးယမင်းသူနှင့် ယာဉ်မောင်းစည်သူတိုနှစ်ဦးသည် ကျောက်တံတားမြိုနယ်၊ ဆာကူရာတာဝါရှိ CB ဘဏ်မှ ငွေကျပ်သိန်း ၃၀၀၀ ကို ထုတ်ပြီး ကားပေါ်တင်ပြီး ပြန်လာရာမဟာဗန္ဓုလ လမ်းအလယ်အရောက်တွင် လူငါးဦးသည် ဓားမြှောင်များကိုင်ပြီး ကားပေါ်သိုတက်လာပြီး ဆိပ်ကမ်းသာ လမ်းထိပ်သိုမောင်းခိုင်း၍ အသင့်စောင့်နေသော ကားပေါ်သို အိတ်နှစ်လုံးတင်ဆောင်ကာ ထွက်ပြေးသွား ကြောင်းသိရသည်။
https://t.me/sandimyintaung969969