မြန်မာအပါအဝင် ၁၉ နိုင်ငံမှ နိုင်ငံသားများကိုရုရှားနိုင်ငံသို့အဝင် ၆လ ဗီဇာခွင့်ပြု

ရုရှားနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအပါအဝင် ၁၉ နိုင်ငံမှ နိုင်ငံသားများအား ရုရှားနိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းနှင့်နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာ ခြင်းလုပ်ထုံးလုပ်နည်းများဆိုင်ရာ ဖက်ဒရယ်ဥပ ဒေပုဒ်မ ၂၅ အရ ၆ လသက်တမ်းရှိ ခရီးသွားဗီဇာဖြင့် ရုရှားနိုင်ငံသို့လာရောက်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ထိုသို့ ၆ လသက်တမ်းရှိ ခရီးသွားဗီဇာဖြင့် လာရောက်ခွင့်ပြုခြင်းအား ရုရှားဝန်ကြီးချုပ် Mikhail Mishustin က ဖေဖော်ဝါရီ ၂၀ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။