မားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့ ကစားကွက် ယခင်ထက်ပိုမိုကောင်းမွန်လာကြောင်း ဖာဒီနန်ဖွင့်ဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်ရဲ့လေ့ကျင်းရေးကွင်းဖြစ်တဲ့ ကာရင်တန်ကိုသွားရောက်ခဲ့ပြီး အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာရှိတဲ့ခံစားချက်ဟာ နှစ်များစွာအတွင်းမကြုံဖူးတဲ့ကောင်းမွန်သောခံစားချက်တွေနဲ့ပြည့်နှက်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းအပြီးအောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ဖာဒီနန်က မေးမြန်းခဲ့ရာမှာတော့ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးက စိတ်ပိုင်းဆိုင်ရာအခက်အခဲများကိုကျော်ဖြတ်နိုင်ခဲ့ခြင်းအတွက်ရည်ရွယ်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်က “ စိတ်ပိုင်းဆိုင်ရာခက်ခဲတဲ့အခြေအနေတွေအတွက် ကျွန်တော်ရုန်းကန်ခဲ့ရပါတယ်။ ကိုယ်ပိုင်စွမ်းဆောင်ရည်နဲ့မသက်ဆိုင်တဲ့ ကွင်းပြင်ပက အချို့ကိစ္စတွေက ကျွန်တော့ကို ဖိအားများပြားစေခဲ့ပြီး မနှစ်တုန်းကဆိုရင် ကျွန်တော့ရဲ့ခေါင်းထဲမှာ ပွဲနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေမရှိခဲ့ဘူး” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖာဒီနန်က “ မားကပ်စ်ပြုံးနေတာကိုမြင်ရုံနဲ့ အဲဒီအပြုံးရဲ့ခံစားချက်ကိုနားလည်တယ်ဗျ သူ့ခြေလှမ်းတွေက ပျော်ရွှင်တက်ကြွမှုအပြည့်ရှိနေပြီး နွေဦးရာသီလိုခံစားရစေတဲ့ ကြည်နူးစရာခံစားမှုလေးပေါ့ဗျာ ကျွန်တော်ရောက်ခဲ့တဲ့နေရာများစွာရှိပြီး ကလေးတွေက ဂိုးတွေသွင်းနေကြပြီ ခေါင်းကိုလက်ညှိုးနဲ့ညွှန်ပြီး အောင်ပွဲခံနေကြပြီ ဒါက မားကပ်စ်ရဲ့သက်ရောက်မှုပါပဲ” လို့ Vibe with Five YouTube show မှာပြောကြားခဲ့တာဖြစ်ပါတယ်။

crd; sports 7