ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ လူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ညီလာခံ သည် မြန်မာ့ဆေးပညာလောကအတွက် အစဉ်အလာကြီးမားသည့် ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖြစ်၍ ထူးချွန်သော မြန်မာ့ကျန်းမာရေးသုတေသီတို့အတွက် ဂုဏ်ယူပါကြောင်း၊ ယခုနှစ်ညီလာခံ၏ အဓိက ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဟုသတ်မှတ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေသဖြင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ သုတေသနများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိမည့် ကျန်းမာရေး သုတေသနများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းရှင်များအနေဖြင့် ကျန်းမာရေး အသိပညာဖလှယ်မှု ပိုမိုခိုင်မာ ကျယ်ပြန့်လာစေရန် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနတွေ့ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
ဆက်စပ်အကြောင်းအရာများ
တပ်သားသစ် သင်တန်းဆင်းပွဲ
- အေးခင်
- December 29, 2023
ဒီဇင်ဘာ ၂၉ ရက် ယနေ့တွင်ပြုလုပ်သော အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ အမှတ်(၂)တပ်ခွဲ၊ခြေလျင်တပ်သားသစ်သင်တန်း လက်ခံပတ်(၄/၂၀၂၃) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပြီး သင်တန်းအတွင်းထူးချွန်စွာ အောင်မြင်ခဲ့တဲ့ သင်တန်းသားများကိုလည်း ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
- ရှင်ယွန်း
- March 5, 2023
မတ်လ ၄ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၆ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခံတောကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ […]
ပြောင်းရွှေ့နေထိုင်သောဒေသတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများရှိပါက ဆက်သွယ်ရန်
- ရှင်ယွန်း
- March 3, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများရှိပါက သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြီးခဲ့သည့်ရက်ပိုင်းတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ […]