လွိုင်ကော်မှာ ကြက်သွန်လှီးဓါးနဲ့ သေကြောင်းကြံစည်မှု ဖြစ်ပွား

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ အမျိုးသားတစ်ဦးမိမိကိုယ့်ကိုယ် အိမ်သုံးကြက်သွန်လှီးဓါးနဲ့ ခန္ဓာကိုယ်နေရာအနှံ့လှီးကာ သေကြောင်းကြံစည်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးသမားတွေထံကနေ သိရပါတယ်။

ကိုယ့်ကိုယ် ကိုယ်ဓါးနဲ့လှီးခဲ့သူအမျိုးသားဟာ လွိုင်ကော်မြို့၊ဒေါနိုးကူးရပ်ကွက်(ကွက်သစ်)နေအိမ်မှာ တစ်ဦးထဲနေထိုင်တဲ့ ကိုခန့်ဇော်ဦး အသက်(၄၁)နှစ်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

“သူကအသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပါဘူး။သူ့ကိုလွိုင်ကော်ဆေးရုံကိုပို့ပေးထားပါတယ်။လက်ကောက်ဝတ်မှာဓါးဒဏ်ရာရတယ်၊လည်ပင်းမှာက ဓါးဒဏ်ရာလေးချက်လောက်ရတယ်၊သူကမီးဖိုချောင်သုံးဓါးနဲ့သူ့ကိုယ့်ကိုယ်သူလှီးတာပေါ့နော်။သူကလွိုင်ကော်မြို့ပေါ်မှာပဲနေတဲ့သူပါ။သူ့အိမ်နားအနီးပတ်ဝန်းကျင်ပြောစကားအရ သူကဆေးနည်းနည်းသုံးတယ်လို့လည်းပြောတယ်၊နေတာကတစ်ယောက်ထဲနေတယ်။သူကဆေးကြောင်ရင်းနဲ့ အဲ့လိုလုပ်တာလို့လည်းပြောနေကြပါတယ်၊လူနာကိုဆေးရုံပို့ပေးဆောင်ရင်းအဲ့လိုတော့ကြားသိခဲ့ရပါတယ်