စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာအနီး နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် နေအိမ် ၈၀ လုံး မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့ရပြီး ဆင်ခြေတုံတရားမဲ့စွာ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် သက်တော် ၈၃ နှစ်၊ ဝါတော် ၁၀ ဝါရှိ ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဆက်စပ်အကြောင်းအရာများ
နိုဝင်ဘာ ၂၅ ရက်နေ့ တိုက်ပွဲသတင်းများ
- Admin
- November 26, 2023
၁။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်ကထောင်နယ်မြေရဲကင်းသို့ KIA/PDF အင်အား ၄၀ ဦးခန့်သည် မနက် ၉ နာရီချိန်ခန့်က အဝေးမှ လာရောက်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်ကြပြီး အနောက်တောင်ဘက် […]
ဆင်ဘိုဘက်မှာ အထိနာခဲ့တဲ့ KIA/PDF
- Admin
- March 2, 2024
ဆင်ဘိုဘက်မှာတော့ Kia နဲ့ အကြမ်းဖက် PDF 3ကရောင်း ကား ၂ စီးတိုက် အလောင်းလိုက်ကောက်ပြီး ပြန်ဆုတ်ပြေးတယ်..တောင်ကြားထဲပိတ်မိတုန်း ဝိုင်းတွယ်လိုက်တာတဲ့ ..တချို့ အလောင်း မကောက်နိုင် […]
စစ်ဆေးဖို့ခေါ်တာကို ထွက်ပြေးတဲ့ PDF အသေဖမ်းမိ
- Admin
- February 8, 2024
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်း ချီတက်စဉ် မသင်္ကာဖွယ် ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ် ထွက်ပြေးသဖြင့် […]