ဂျပန်မှာ တိုက်ခန်းမီးလောင်ပြီး လူသေဆုံးမှုရှိ

ဂျပန်နိုင်ငံ အနောက်ပိုင်း ကိုဘီဒေသရှိ လူနေ တိုက်ခန်းအဆောက်အဦးတစ်ခု ဇန်နဝါရီ ၂၂ရက်က မီးလောင်မှု ဖြစ်ပွားပြီးနောက် လူလေးယောက် သေဆုံးပြီး အခြား လေးယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ အရာရှိတစ်ယောက်က ပြောကြားပါတယ်။

သုံးထပ် လူနေ အဆောက်အဦးမှာ မီးလောင်နေတယ်ဆိုတဲ့ သတင်းကို မီးသတ်ဌာနကို ည ၁နာရီခွဲလောက်က အရေးပေါ် သတင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မီးငြိမ်းသတ်နိုင်ခဲ့ပြီးနောက် အလောင်းလေးလောင်း ရှာတွေ့ခဲ့ပြီး သတိလစ်နေတဲ့ အသက် ၄၀ကျာ် ၇၀ကျော် ကြားအရွယ် လေးယောက်ကို ဆေးရုံသို့ တင်ပို့ခဲ့ရတယ်လို့ ကိုဘီဒေသ မီးသတ်ဌာနက ပြောကြားပါတယ်။