သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ ထောင်ထားသော မိုင်းပေါက်ကွဲ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြိုနယ်၊ သဲချောင်းကြီးကျေးရွာအုပ်စု၊ ဝင်းကပေါ်ကျေးရွာနေ ဒေါ်သီးမေ၊ ၆၅ နှစ် (ဘ) ဦးဟန်ဖေ သည် မြေးဖြစ်သူနှင့်အတူ ဝဲကပေါ်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာနေရာရှိ ၎င်းပိုင်ကွမ်းသီးတော၌ ကွမ်းသီးခူးနေစဉ် PDF အကြမ်းဖက်အဖွဲ ထောင်ထားသော လက်လုပ်တိုက်မိုင်း ၁ လုံးအား တိုက်မိပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်သီးမေတွင် ဝဲနောက်ကျော မိုင်းစထိမှန်ဒဏ်ရာများနှင့် မြေးဖြစ်သူ မတင်ဇာဝင်း၏ ဦးခေါင်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် သရက်ချောင်းမြို၊ ပြည်သူ့ဆေးရုံသို ပိုဆောင် ဆေးကုသမှု ခံယူလျက်ရှိသည်။