အရပ်သားပြည်သူတစ်ဦးအားအကြောင်းမဲ့သတ်ဖြတ်တဲ့ pdf

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ငါ့နန်း ကျေးရွာနေ ဦးအောင်ဆွေ အသက် ၅၃ နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၅ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးအောင်ဆွေ တွင် ယာမေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျော ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲလည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားထင်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တိုရရှိခဲ့ပြီး နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။