တရုတ် – မြန်မာနယ်စပ်ဂိတ်များ ဇန်နဝါရီ (၈) ရက်မှ စတင်ကာ တပြိုင်တည်း ပြန်လည်ဖွင့်လှစ်မည်

တရုတ် – မြန်မာနယ်စပ် ကျယ်ခေါင်မြိုနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ် (၃) ခုကို လာမည့် ဇန်နဝါရီလ (၈) ရက် နံနက် (၈) နာရီမှ စတင်ကာ တပြိုင်နက်တည်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

” မူဆယ် – ကျယ်ခေါင်ဂိတ်မှာ ဂိတ်သုံးဂိတ်ရှိတယ်။ မန့်ဝိန်းဂိတ်ရယ် ၊ ဆင်ဖြူဂိတ်ရယ်၊ နန်းတော် ဂိတ်ရယ်ပေါ့။ ကျင့်စန်းကျော့က နည်းနည်းဝေးတယ်။ ဒီဂိတ် သုံးဂိတ်ကို လာမည့် (၈) ရက်နေ့မှာ တရုတ်စံတော်ချိန် နံနက် (၈) နာရီမှာ တပြိုက်နက်တည်း ပြန်ဖွင့်မယ်” ဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။