အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

အဆုတ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ အဆုတ်က ပြင်ပက ရှူသွင်းလိုက်တဲ့
အောက်ဆီဂျင်တွေကို ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ဖလှယ်ပေးတဲ့ တာဝန်ကို အဓိက
ထမ်းဆောင်တာပါ။
ခန္ဓာကိုယ်ရဲ့ လေသန့်စနစ်ဆိုလည်း မမှားပါဘူး။ အဆုတ် ကျန်းမာနေမှ အသက် ဝဝရှူလို့ စိတ်ရော ကိုယ်ပါ
ကျန်းမာစေမှာပါ။
အသက်အရွယ်၊ ဆေးလိပ် သောက်သုံးတာ၊ ဆေးလိပ်ငွေ့၊ ညစ်ညမ်းမှု၊ ရောဂါပိုးတွေကြောင့် အဆုတ်ထိခိုက်နိုင်သလို
ရောဂါတွေဖြစ်ကြတဲ့ အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်၊ ကိုဗစ် စတဲ့ ရောဂါတွေကြောင့်လည်း အဆုတ်
ထိခိုက်နိုင်ပါတယ်။
(၁) အသက်ရှူ လေ့ကျင့်ခန်း
ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ အသက်ကို ဝမ်းဗိုက်ထဲထိရောက်အောင် ရှူရတာပါ။ ရင်ဝမ်းခြားမြှေး ကြွက်သားကို
ကျုံဆန့်ပေးပြီး သန်မာလာစေဖို့လည်း ထောက်ကူပေးပါတယ်။ ၁၀ ခေါက်လောက် လုပ်ပေးပါ။
(၂) ဝင်သက်ထွက်သက်မှတ်ပါ
ဒါက အသက်ရှူလမ်းကြောင်းကို လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ဝင်လေထွက်လေကို တစ်ချက်ချင်း မှတ်
ပေးတာပါ။ ၁၀ကြိမ်လောက် လုပ်ပေးပါ။ အဆုတ်ထဲက လေတွေကို သန့်စင်ပေးဖို့ ထိရောက်တဲ့ လေကျင့်ခန်း
တစ်ရပ်ပါ။
(၃) Standing toe-touch stretch
နာမည်ကြီး ကြားပြီး မလုပ်တတ်လောက်ဘူးလို့ မထင်လိုက်ပါနဲ့။ ဒီ လေ့ကျင့်ခန်းက အဆုတ်တွေကို အားကောင်း
စေသလို လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းပါတယ်။ ၅ ကြိမ်လောက်အထိ လုပ်ပေးလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းက
ကိုယ်တွင်းကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး အဆုတ်တွေကို ကျန်းမာစေမှာပါ။ အကြောတွေကို
ပြေလျော့စေလို့ နေရထိုင်ရ သက်တောင့်သက်သာ ဖြစ်စေမှာပါ။
(၄) အေရိုးဗစ်
အေရိုးဗစ် လေ့ကျင့်ခန်းက အဆုတ် ကျန်းမာစေဖို့ အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ အေရိုးဗစ်က ကြွက်သား
တွေကို လှုပ်ရှားစေပြီး အဆုတ်၊ နှလုံး စတဲ့ အစိတ်အပိုင်းတွေကို ကျန်းမာစေသလို သက်လုံကောင်းစေပါတယ်။
ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။
ခပ်မြန်မြန် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေလည်း လုပ်ပေးလို့ ရပါတယ်။