PDF အကြမ်းဖက်သမားများက တိုင်းရင်းဆေးဆရာတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ ကျောက်ပြောက်ကျေးရွာအထွက်တွင် ဒီဇင် ဘာလ ၂၇ ရက်နေ့၌
တိုင်းရင်းဆေးဆရာ တစ်ဦးကို PDFအကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရခဲ့ကြောင်း
သိရသည်။ အရာတော်မြိုနယ်၊ ကျောက်ပြောက် ကျေးရွာနေ တိုင်းရင်းဆေးဆရာ ဦးဝင်းဗိုလ် (၅၉) နှစ်သည်
ညနေ ၃ နာရီအချိန်တွင် ကျေးရွာမှ အရာတော်မြိုသို ဆိုင်ကယ်ဖြင့် တစ်ဦး တည်းသွားစဉ် အခင်းဖြစ်ရာအရောက်
တွင် ၎င်း၏နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF အကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့်
လိုက်လံပစ်ခတ်ခဲ့သဖြင့် ဦးဝင်းဗိုလ် (၅၉) နှစ်တွင် ယာနံဘေး၊ ယာလက်မောင်း၊ ဝဲခြေသလုံးနှင့် နောက်ကျောတို့
တွင် ကျည်ထိမှန်ဒဏ်ရာ ၅ ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။