ထိုင်းနိုင်ငံ၏ဘဏ္ဍာရေးစနစ် တည်ငြိမ်သော်လည်း ကမ္ဘာ့ဈေးကွက်၏ရိုက်ခတ်မှုကိုခံရနိုင်

ထိုင်းနိုင်ငံ၏ဘဏ္ဍာရေးစနစ်သည် ဒူပေ နာပေခံကာတည်ငြိမ်မှုရှိသော်လည်း ကမ္ဘာ့ငွေကြေးဈေးကွက်၏ ရိုက်ခတ်မှုကို ခံရနိုင် ကြောင်း ထိုင်းဗဟိုဘဏ်က ဒီဇင်ဘာ ၉ ရက် တွင်ထုတ်ပြန်ထားသည်။

ကမ္ဘာ့စီးပွားရေးသည် ကျဆင်းမှုဆီ ဦးတည်သွားပါက ထိခိုက်မှုရှိနိုင်သည့်ကဏ္ဍများတွင် အိမ်ရာချေးငွေလုပ်ငန်းကဏ္ဍ၊ အသေးစား စီးပွားရေးကဏ္ဍတို့လည်းပါဝင်ကြောင်းနှင့် နောက်ဆက်တွဲအနေဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးနာလန်ထူမှုကိုလည်း အဟန့်အတား ဖြစ်စေမည်ဖြစ်ကြောင်း ဗဟို ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးလုပ်ငန်းများ မူဝါဒကော်မတီ များအကြား ဒီဇင်ဘာ ၆ ရက်တွင်လုပ် ဆောင်သော အစည်းအဝေးဆုံးဖြတ်ချက်အပေါ်အခြေခံကာ ယခုကဲ့သို့ထုတ်ပြန်လာ ခြင်းဖြစ်သည်။

“တာဝန်ရှိတဲ့အဖွဲ့အစည်းများအနေနဲ့ အခြေအနေများကို စောင့်ကြည့်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဖိအား များရှိနေသော အချိန်မှာလည်း ငွေကြေးဈေးကွက်ပုံမှန်အတိုင်း ဆက်လက်လည်ပတ် နိုင်စေရေးအတွက် လိုအပ်သည်များကို ပြင်ဆင် ထားရမှာဖြစ်ကြောင်း သဘောတူ ကြပါတယ်” ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်ကို တွေ့ရသည်။

Ref: CAN