ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကျင်းပပြုလုပ်

စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးအလိုက် တပ်နယ် ကစားကွင်းများမှာကျင်းပပြုလုပ်ကြရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် မြိတ်တပ်နယ် ၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌လည်းကောင်း၊အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ် တပ်နယ်ဘောလုံးကွင်း၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေ တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တပ်နယ်အားကစားကွင်း၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ် ဌာနချုပ်အားကစားကွင်း၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေး တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး အနီး၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြရာ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင် ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ ဌာနများ၏ ဒီဇင်ဘာအားကစားလ (ပထမပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။