နွား၊ ဆိတ်ကလေးတွေအတွက် နို့ဦးရည် အစားထိုးနည်း

နို့ မထွက်တဲ့ နွားမ၊ ဆိတ်မတွေရှိရင် မွေးစ နွားငယ်၊ ဆိတ်ငယ်လေးတွေအတွက် နို့ဦးရည်
အစားထိုးသုံးနိုင်တဲ့နည်းကို ဖော်ပြပေးပါ့မယ်။
ပါဝင်ပစ္စည်းများ
(၁) နွားနို့ -၄၀ကျပ်သား
(၂) လတ်ဆတ်သောကြက်ဥ – ၁လုံး (ရောမွှေပြီး)
(၃) ရေ -၁၅ကျပ်သား
(၄) ငါးကြီးဆီ -လက်ဖက်ရည်ဇွန်း ၁ဇွန်း
(၅) ကြက်ဆူဆီ -လက်ဖက်ရည်ဇွန်း ၄ဇွန်း
(၆) စထရက်တိုမိုင်ဆင် – ၁လုံး (၀.၅) ဂရမ်တို့ လိုအပ်ပါသည်။
အထက်ဖော်ပြပါတို့ကို ရောစပ်ပြီး နို့ဦးရည် အစားထိုး တိုက်ကျွေးနိုင်ပါသည်။
တတိယမြောက်နေ့တွင် ကြက်ဆူဆီကို ၁ဇွန်းသာထည့်ပေးရပါမည်။

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်)