ကျေးရွာတိုက်ပွဲများတွင် KIA+PDF ပူးပေါင်းအဖွဲ့များက ၎င်းတို့အရေးနိမ့်ပါက လူနေအိမ်တွေကို မီးရှို့ထွက်ပြေး

နိုဝင်ဘာ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာထိပ် ဘုရားကုန်းနှင့် တာဝါတိုင်ကုန်းနေရာတွေမှာ
KIA နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအင်အား ၆၀ ဦးခန့်က နေရာယူပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို
စတင်ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်…
တိုက်ပွဲဖြစ်ပွားနေစဉ် KIA နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က
ရွာလယ်ဘုရားဝန်းကျင် နေအိမ်တွေကို အကာအကွယ်ယူပြီး လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ပြီး
လူနေအိမ် ၅၀ လုံးခန့်အား မီးရှို့ဖျက်ဆီးကာ ရွာတောင်ဘက်နဲ့ အနောက်တောင်ဘက်တွေကို ထွက်ပြေးသွားခဲ့ဟု သိရှိရပါတယ်…