“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနဲ့ပတ်သတ်ပြီး
ပရိသတ်များရဲ့ ရင်တွင်းခံစားချက်စကားသံများအား သဇင် FMရဲ့ “ပြည်သူ့ကြားက ပြည်သူ့စကား”
အစီအစဉ်မှ “ဘယ်လိုဖျက်ဖျက် မပျက်တဲ့တန်ဆောင်တိုင်”ခေါင်းစဥ်ဖြင့် ဒီနေ့ နေ့လည် ၁နာရီအချိန်မှာ
ထုတ်လွှင့်တင်ဆက်ပေးသွားမယ်လို့ သိရှိရပါတယ်ရှင်။
လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာလည်း “ပေသောင်ရွာ လူသတ်မှု”ခေါင်းစဉ်ဖြင့် ဆွေးနွေးမှာဖြစ်တဲ့
အတွက် ပါဝင်ဆွေးနွေးချင်သူများအနေနဲ့ အပတ်စဉ် ကြာသပတေးနေ့မနက် ၁၀နာရီမှ ၁၁နာရီအတွင်း
ဖုန်း ၀၉-၈၉၉၀၉၉၅၉၅ကို အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နဲ့ ဖုန်းနံပါတ်တို့ကို ပေးပို့ပါဝင်နိုင်ပြီး
ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမယ်လို့လဲ သိရှိရပါတယ်ရှင်။