အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ လှုပ်ခတ်သော ငလျင်ကြောင့် သေဆုံးသူ ၂၆၈ ဦးမြင့်တက်လာကြောင်း သိရပြီး ပျောက်ဆုံးသူအရေအတွက် ၁၅၁ ဦးရှိပြီး ဒဏ်ရာရသူ ၁၀၈၃ ဦးရှိကြောင်း လူဦးရေ ၅၈၃၆၂ ဦးမှာ နေအိမ်စွန့်ခွာရပြီး စွန့်ခွာရသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်သည် စီရန်ဂျန်း-ဟီလီယာ အနောက်တောင်ပိုင်း ၁၈ ကီလိုမီတာအကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်သည်။ ပြိုကျသွားတဲ့ဆောက်အအုံများမှာ စာသင်ကျောင်းတစ်ကျောင်းလည်း ပါဝင်သောကြောင့် သေဆုံးသူ ၂၆၈ ဦးတွင် ကလေးငယ်မည်မျှပါဝင်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း တာဝန်ရှိသူများကပြောသည်။အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကာ ဝမ်းနည်းစကား ပြောကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဆက်စပ်အကြောင်းအရာများ
ထိုင်းနိုင်ငံရောက်မြန်မာများ ဘုရားဖူးကုသိုလ်ယူ
- ရှင်ယွန်း
- December 31, 2022
နှစ်သစ်ကူးပိတ်ရက်မှာ ထိုင်းနိုင်ငံ ဖစ်ချဘွန်ခရိုင်က ငါးထပ်ဘုရားရင်ပြင်မှာ မြန်မာဘုရားဖူးဧည့်သည်တွေပြည့်နှက်နေတယ်လို သိရပါတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကိုရောက်တော့မယ့် နောက်ဆုံးရက်မှာ ဒေသအသီးသီးကမြန်မာလူမျိုးတွေ ကောင်းမှုကုသိုလ်တွေပြုပြီး အေးချမ်းစွာ ဖြတ်သန်းနေရတာမြင်တော့စိတ်နှလုံးချမ်းမြေ့ရပါတယ်….
သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အားများ ဝယ်ယူရာတွင် ဥရောပသမဂ္ဂမှ ကူညီပေးရန် ယူကရိန်းတောင်းဆို
- ပုည
- December 16, 2022
ဆောင်းရာသီကာလအတွက် လိုအပ်သော သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အား ဝယ်ယူရေးကဏ္ဋ္ဌတွင် ဥရောပသမဂ္ဂအနေဖြင့် အကူအညီပေးရန် ယူကရိန်းသမ္မတ ဇာလန်စကီးက ဥရောပသမဂ္ဂ(EU)သို့ တောင်းဆိုခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသားများအတွက် စွမ်းအင်များကို သိုလှောင်သိမ်းဆည်းထားသော်လည်း ဥရောပသမဂ္ဂအနေဖြင့် […]
ရုရှားကာကွယ်ရေးဝန်ကြီးကို လုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်
- အေးခင်
- May 14, 2024
ရုရှားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆာဂျီရှိဂူရဲ့နေရာကို စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်၊ စီးပွားရေးပညာရှင်လည်းဖြစ်တဲ့ အန်ဒရီ ဘီလိုဆော့ဗ်ဆိုကို ခန့်ထားလိုက်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မေလ ၁၂ ရက်နေ့မှာ […]