ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ကြီးမှူးကျင်းပသော ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းက ကြီးမှူးကျင်းပသည့် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့ က အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့ပါတယ်။

  • အခမ်းအနားတတ်ရောက်လာကြသူများက တို့ဗမာသီချင်းကို စုပေါင်းသီဆို၍ အောင်မောင်း ၂၇ ချက်တီးကာ အခမ်းအနားဖွင့်လှစ်ခဲ့။
  • အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သော ၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
  • ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌက ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ပေးအပ်ခဲ့။
  • အခမ်းအနားတတ်ရောက်လာသူများက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့။
  • ဇာတိမာန်သီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့တယ်လို့ သိရှိရပါတယ်။